TikTok မှ Electronic Music Hub အသစ်ကို စတင်မိတ်ဆက်
TikTok မှ Electronic Music Hub အသစ်ကို စတင်မိတ်ဆက်
TikTok အနေဖြင့် ဂီတလောကနှင့် ပိုမိုခိုင်မာသော ဆက်နွယ်မှုရရှိရန်အတွက် နောက်ထပ်ခြေလှမ်းတစ်ရပ်အနေဖြင့် ၄င်းတို့အက်ပ်တွင် Electronic Music Hub အသစ်ကို စတင်မိတ်ဆက်လိုက်ပါတယ်။
TikTok ၏ ရှင်းပြချက်အရ –
"#ElectronicMusic သည် TikTok တွင် အကျော်ကြားဆုံးအမျိုးအစားများထဲမှတစ်ခုဖြစ်သည်။ အိုင်ယာလန်နိုင်ငံမှ Jazzy သည် 'Giving Me' သီချင်းဖြင့် နှစ်ပေါင်း ၁၄ နှစ်အတွင်း Irish charts တွင် နံပါတ် (၁) နေရာရရှိခဲ့သော ပထမဆုံး အမျိုးသမီးဖြစ်လာခြင်း၊ Kenya Grace ၏ 'Strangers' သီချင်းသည် ကမ္ဘာတစ်ဝှမ်း charts များကို လွှမ်းမိုးနိုင်ခဲ့ခြင်း၊ Chase & Status တို့မှ 'BACKBONE' သီချင်းဖြင့် ၎င်းတို့၏ ပထမဆုံး UK နံပါတ် (၁) နေရာကို ရရှိခဲ့ပြီး UK နိုင်ငံတွင် drum and bass တေးဂီတ ပြန်လည်ခေတ်စားလာခြင်းတို့ ဖြစ်ပွားခဲ့ပါသည်။ ယခုအခါ ကျွန်ုပ်တို့သည် ကမ္ဘာ့အရေးပါဆုံး အီလက်ထရောနစ် ဂီတပွဲတော်များထဲမှ တစ်ခုဖြစ်သော Amsterdam Dance Event (ADE) နှင့်အတူ ကမ္ဘာတစ်ဝှမ်းသို့ တရားဝင် ချဲ့ထွင်လျက်ရှိပါသည်။" Hub အသစ်က အီလက်ထရောနစ် ဂီတအနုပညာရှင်များအတွက် ပိုမိုကျယ်ပြန့်တဲ့ ထုတ်ဖော်ပြသမှု အခွင့်အလမ်းများကို ဆောင်ကြဥ်ပေးသွားမှာပဲ ဖြစ်ပါတယ်။
အဓိက အချက်အလက်များ –
- အီလက်ထရောနစ် ဂီတဆိုင်ရာ ဗီဒီယိုများ တင်ဆက်မှုသည် ယခင်နှစ်ထက် ၇၀% တိုးတက်လာနိုင်ခြင်း။
- Drum and Bass၊ Techno နှင့် Trance စသော ဂီတအမျိုးအစားများလည်း ပို၍ ရေပန်းစားလာနိုင်ခြင်း။
- TikTok အသုံးပြုသူများ၏ ၇၅% သည် TikTok မှတစ်ဆင့် အနုပညာရှင်အသစ်များကို တွေ့ရှိလာနိုင်ခြင်း။
Hub အသစ်ကို အောက်ပါနိုင်ငံများတွင် အောက်တိုဘာ ၂၁ ရက်နေ့မှ စတင်မိတ်ဆက်သွားမှာပဲဖြစ်ပါတယ် –
- UK
- အိုင်ယာလန်
- နယ်သာလန်
- ဆွီဒင်
- ပြင်သစ်
- ဂျာမနီ
- စပိန်
- အီတလီ
- ဘယ်လ်ဂျီယံ
- အမေရိကန်ပြည်ထောင်စု
- ဩစတြေးလျ
ဒါပေမဲ့ TikTok က Universal Music နှင့် စာချုပ်သဘောတူညီချက် ပြဿနာကြောင့် ယခုနှစ်အစောပိုင်းမှာ Universal Music အနုပညာရှင်များရဲ့ သီချင်းများအားလုံးကို ဆုံးရှုံးမှုနဲ့ ရင်ဆိုင်ခဲ့ရပြီး၊ အမေရိကန်နိုင်ငံတွင် ပိတ်ပင်ခံရနိုင်တဲ့ အန္တရာယ်များလည်း ရှိနေပြန်ပါတယ်။
ဒါကြောင့် Instagram အနေဖြင့် ထိပ်တန်း ဂီတမြှင့်တင်ရေး အက်ပ်အဖြစ် TikTok နေရာကို အစားထိုးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ၎င်းတို့ရဲ့ ဂီတဆိုင်ရာ လုပ်ဆောင်ချက်များကို မြှင့်တင်လျက်ရှိပါတယ်။ သို့သော် လက်ရှိအချိန်တွင် TikTok က ဂီတအနုပညာရှင်များနှင့် ၎င်းတို့၏ ဂီတကို အာရုံစိုက်မှုရရှိလိုသူများအတွက် အဓိကနေရာအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။
Electronic Music Hub အသစ်က လက်ရှိအခြေအနေကို ပိုမိုမြှင့်တင်ပေးမယ့်နောက်ထပ်ပလက်ဖောင်းတစ်ခုဖြစ်ပြီး၊ TikTok ဗီဒီယိုများမှတစ်ဆင့် အနုပညာရှင်များ ပိုမိုထင်ပေါ်ကျော်ကြားလာစေရန် ကူညီပေးသွားမှာပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဒီသတင်းက ဆက်စပ်နယ်ပယ်များမှ မာကက်တင်းလုပ်ငန်းရှင်များအနေဖြင့်လည်း ဂရုပြုသင့်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။
TikTok ရဲ့ Electronic Music Hub ကို အောက်တိုဘာ ၂၁ ရက်နေ့မှာ ယူကေ၊ အိုင်ယာလန်၊ နယ်သာလန်၊ ဆွီဒင်၊ ပြင်သစ်၊ ဂျာမနီ၊ စပိန်၊ အီတလီ၊ ဘယ်လ်ဂျီယံ၊ အမေရိကန်ပြည်ထောင်စုနှင့် ဩစတြေးလျနိုင်ငံတို့တွင် စတင်မိတ်ဆက်သွားမှာပဲဖြစ်ပါတယ်။